SPORT NEW

ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း နိုင်ပွဲစတင် ရရှိ

 

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဧရာဝတီယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာ အက်ဖ်စီ တို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက်က ၁ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိကာ နိုင်ပွဲ စတင်ရရှိသွားကြောင်း သိရသည်။

ဓါတ်ပုံ - Ayeyawady United Fc Fans Facebook

ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး ပထမပိုင်းတွင် အပြန်အလှန် ထိုးဖေါက်ကစားခဲ့ကြသော်လည်း တဖက်နှင့် တဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်း ၅၉ မိနစ်တွင် ဧရာဝတီ ယူနိုက်တက် အတွက် အနိုင်ဂိုးကို မင်းမင်းထွန်း ကသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဆောက်သမ်းမြန်မာ အသင်းမှာ ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ပွဲပြီးသည်အထိ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ပွဲအပြီးတွင် ဧရာဝတီယူနိုက်တက်မှ မင်းမင်းထွန်း၏ တစ်ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

နောက်ပွဲစဉ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ယူနိုက်တက် ဘောလုံးအသင်းနှင့် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

Reporter:ဧရာဝတီသား | PatheinCity News 

Related Posts

ရှေ့ဖြစ်ဟော ရေဘဝဲ ပေါလ်အား ဂုဏ်ပြုသည့် အထိမ်းအမှတ် ရုပ်ထု ဂျာမနီနိုင်ငံတွင် ဖွင့်လှစ်

၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်ရလဒ်များကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည့် ရေဘဝဲ ပေါလ် အား ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ထားသော အထိမ်းအမှတ် ရုပ်ထုကို ဂျာမနီနိုင်ငံ အနောက်ပိုင်း Oberhausen မြို့ရှိ Sea Life ရေအောက်သက်ရှိ ပြတိုက်တွင် ၂၀၁၁ ဇန်နဝါရီလ ၂၀ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

http://patheincity.com/news//HLIC/06b9ef60cdc729a565ca70b8c07ab40c.jpg

http://patheincity.com/news//HLIC/8a844f0aa8376f0bc35cfa62c16678b2.jpg

http://patheincity.com/news//HLIC/977293f2e7560edfc0e6dd294fb6d8e8.jpg

ဂျာမနီနိုင်ငံမှ ရေဘဝဲပေါလ်သည် ၂၀၁၀ ကမ္ဘာ့ဖလား ကာလအတွင်း ဂျမနီနိုင်ငံ ပါဝင်ကစားသည့် ပွဲစဉ်အားလုံး၏ အဖြေများကို မှန်ကန်စွာ ခန့်မှန်းနိုင်သောကြောင့် ကမ္ဘာ့မီဒီယာများတွင် အထူးထင်ရှားခဲ့သည်။ အသက် ၂ နှစ်ခွဲ ရှိပြီဖြစ်သော ရေဘဝဲပေါလ်သည် ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလ အတွင်းက သေဆုံးခဲ့ရာ ၎င်း သေဆုံးပြီး ၃လအကြာတွင် ယခုကဲ့သို့ ဂုဏ်ပြု အထိမ်းအမှတ် ရုပ်ထုကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

PatheinCity News | Source:Xinhua

Related Posts